တေးဆို - စိုင်းဆိုင်မော(ဝ်)
Video Editing | Zai Hkam
အဖေချစ်သားနဲ့ အဖေချစ်သမီးရယ် နောင်လာမယ့် တစ်ခေတ်ရောက်ဦးမယ် သားတို့ခေတ်ရောက်တဲ့ အချိန်မှ သမီးတို့ခေတ်ရောက်တဲ့ အချိန်ကျ အကောင်းအဆိုးများ ပိုကြုံရမယ် တိုးတက်တဲ့ အခုခေတ်ကမ္ဘာမှာ သိပ္ပံ နည်းပညာ တကယ်ကိုမြင့်မားနေ အတုယူမမှားနဲ့ ကမ္ဘာ့ရင်သွေးငယ် IQ မြင့်တဲ့ IT ခေတ်မှာ အကောင်ဆိုတဲ့ Virus ပိုးရှိတယ်။
တကယ်ကိုရရင် ဘာမဆိုလုပ်မယ့် ညီအစ်ကိုအရင်းလည်း မသိတဲ့သူ စက်ရုပ်လိုသွားတဲ့လူသား အများအကျိုးအတွက် မကြည့်တဲ့လူများ တစ်ဦးတစ်ယောက်အတွက် သာရင်ပြီးရော မျိုးချစ်စိတ် ခေါင်းပါးသူတွေထဲမှာ ရောယောင်ကာ မပါစေနဲ့နော် အဖေ့ချစ်သားနဲ့ အဖေချစ်သမီးရေ အကောင်ဖော်ကြတဲ့ ကွန်ပျူတာထဲမှာ မသေနိုင်တဲ့ Virus ပိုးရှိတယ်။
အမှန်မြင်တတ်ရင် အမြင်မှန်ရမယ် ကမ္ဘာလူသား စစ်ခင်းတဲ့ပွဲ အတ္တစိတ်တစ်ခုနဲ့ ဒီအမှား အပြစ်မဲ့ ရင်သွေးကလေးငယ်များ စစ်ဒုက္ခ ကြုံနေရတယ် လောကလူသားချင်း အတူတူ စစ်စာမျက်နှာ ကန့်လန့်ကာချလို့ ငြိမ်းချမ်းရေးကမ္ဘာ အတူတည်ဆောက်ရင် ခန္ဓာရတဲ့ ကမ္ဘာလူသားအတွက် အရာရာဟာ အားလုံးကောင်းသွားမယ်။
No comments:
Post a Comment