Friday, November 4, 2022

"သဲတစ်ပွင့် အုတ်တစ်ချပ်" - ဦးထွန်းမြင့်(တောင်ကြီး)

လွန်ခဲ့သော May လတုန်းက တောင်ကြီးကအစ်ကိုတစ်ယောက် ဒီစာအုပ်ကို လိုချင်လို့ဆိုပြီး လှမ်းဝယ်ခိုင်းတော့ စာအုပ်ထုတ်ဝေရေးနှင့် ဖြန့်ချိရေး ဆိုင်တော်တော်များများမှာ ကျနော်သွားမေးကြည့်ရာမှာ သူ့အတွက် စာအုပ်ထုတ်ဝေရေးဆိုင်တစ်ဆိုင်မှ လက်ကျန်လေး တစ်အုပ်ရခဲ့တယ်။



ဒီလိုနဲ့ ကျနော်လည်းလိုချင်စိတ်ပေါ်လာတော့ နောက်ပိုင်းမှာ ဖုန်းရော လူကိုယ်တိုင်ရော တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် တစ်ဆိုင်ပြီးတစ်ဆိုင် မေးကြည့်သေးတယ် ဒါပေမယ့် မရှိတော့ပြန်ဘူး။

(၇)လကြာပြီး ဒီနေ့မနက်စောစောစီးစီးမှပဲ Pharmacy ဆိုင်မှာ Blood Pressure Monitor ဝယ်ဖို့ သွားမေးရင်းနဲ့ လမ်းကြုံတော့ အရင် May လတုန်းက ကနော်ရခဲ့တဲ့စာအုပ်ဆိုင် တစ်ဆိုင်မှာပဲ အားမလျှော့ဘဲ တိယအခေါက် ထပ်ပြီးတော့ "ဦးထွန်းမြင့်(တောင်ကြီး) ရေးထားတဲ့ သဲတစ်ပွင့် အုတ်တစ်ချပ် စာအုပ်ရှိလား" ဆိုပြီး မေးပြန်တယ်။ ဒီတစ်ခေါက်တော့ ကံကောင်းထောက်မစွာနဲ့ "(၂)အုပ်လက်ကျန် ရှိတယ်" ဆိုပြီး အဲဒီစာအုပ်ကို ကျနော်လက်ထဲ တစ်အုပ်ပေးလိုက်တယ်။

ကျနော်က ဆိုင်ပိုင်ရှင်ကို ပြန်ပြောတယ် - လွန်ခဲ့သော (၇)လတုန်းက တစ်ခါလာဝယ်သွားသေးတယ်လေ ဒီစာအုပ်ကို၊ တစ်အုပ်ပဲကျန်တယ်ဆိုပြီးတော့ တစ်အုပ်ပဲရသွားတယ်။ ပြီးခဲ့တဲ့ (၂-၃)လကလည်း လာမေးသေးတယ် မရှိဘူးဆိုပြီးတော့ပြောတယ်။

"ဟုတ်တယ်" ဆိုပြီး ဆိုင်ရှင်က ပြန်ပြောတယ်။ ဒီစာအုပ်က မရှိတော့ဘူး၊ ထပ်လည်းမထုတ်တော့ဘူးလေ၊ စာအုပ်အဟောင်းထဲက စာအုပ်တွေပြန်စီရင်းမွေရင်းနဲ့ ဒီနှစ်အုပ်ပဲထပ်တွေ့တယ်၊ အခုမရှိတော့ဘူး၊ ထပ်လည်းမထုတ်တော့ဘူးဆိုပြီး ဒါနဲ့ ကျနော် နှစ်အုပ်လုံးယူလာတယ်။

ဒီစာအုပ်ရဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတော့ စာအုပ်တစ်အုပ်ထုတ်ဖို့ သူ့ကိုမေးပြန်တယ်။ စာအုပ်ထုတ်ချင်တယ်ဆိုရင် ထုတ်လို့ရလား စာမျက်နှာ(၂၀၀)ကျော်လောက်ရှိတယ်၊ အုပ်ရေ (၅၀၀)လောက်ထုတ်ချင်တယ် ကုန်ကျစာရိတ်ဘယ်လောက်လဲ ဆိုပြီးတော့၊ သူလည်းရှင်းပြတယ်။

ဒါပေမယ့်သူက-
အခုအချိန်မှာတော့ နိုင်ငံရေးနဲ့ပတ်သက်ရင် ထုတ်လို့မရဘူး၊ ငါတို့ဆိုင်တောင်မှ နည်းနည်းတိုင်ပတ်နေတယ်တဲ့😬😬😬

ကျနော်ပြန်ပြီးတော့- မဟုတ်ဘူး၊ နိုင်ငံရေးတော့မဟုတ်ဘူး၊ နည်းနည်းပဲပါတယ်၊ စစ်တိုက်ပုံတိုက်နည်းလောက်ပဲပါတယ်၊ ဟိုလိုထူးထူးခြားခြားရေးထားတာမျိုး မရှိဘူး😅😅😅

သူက- အာ့အာ့ မရဘူး၊ မရဘူးတဲ့ 😁😁😁

ကျနော်က- အေ့အေ့ ရရမရရ နောက်နေ့ ကျနော်ပြောတဲ့စာအုပ် လာပြပေးမယ် ဆိုပြီးတော့ ပြောပြီးပြန်လာတော့တယ်😅😅😅

▪️ဒီစာအုပ်ကို တကယ်လိုအပ်ပြီး အသုံးဝင်သူများအတွက်မှသာ တစ်အုပ်မျှပေးပါမယ်။
▪️ဒီစာအုပ်ကရှာဝယ်လို့မရတော့သလို အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။

မှတ်ချက်။ ။
ကျနော်ထုတ်ချင်တဲ့စာအုပ်က အင်္ဂလိပ် - ရှမ်း နှစ်ဘာသာ ပါတဲ့ " #Thirty_Six_Stratagems #လွၵ်းလိင်ႉလၢႆးတိုၵ်း_36 " ဖြစ်ပါတယ်။

#သဲတစ်ပွင့်အုပ်တစ်ချပ်
#ဦးထွန်းမြင့်(တောင်ကြီး)
စာအုပ်ပိုင်ဆိုင်ရေးအမှတ်တရ (04-Nov_22)

No comments:

Post a Comment