Tuesday, September 20, 2022

LDU

  • သမိုင်းအကျဉ်း

တည်ထောင်သည့်ခုနှစ် – ၂၀၀၈ ခုနှစ် ဧပြီ

ခေါင်းဆောင် – ကြာခွန်ဆာ(ဥက္ကဋ္ဌ)၊ ကြာဟေး(ဒုဥက္ကဋ္ဌ) ဗိုလ်မှူးကြီး ဆော်လမွန်(အထွေထွေအတွင်းရေးမှူး)



၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် တည်ထောင်ခဲ့သည့် လားဟူညီညွှတ်ရေးပါတီ(LPU)သည် လားဟူဒီမိုက ရက်တစ်အစည်းအရုံး(LDU)၏ အစဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် LPU ကို လားဟူအမျိုးသားအဖွဲ့အစည်း (Lahu National Organization-LNO)အဖြစ် အမည်ပြောင်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် လားဟူဒီမိုကရက်တစ်တပ်ဦး(Lahu Democratic Front-LDF)အဖြစ် ထပ်မံအမည်ပြောင်းခဲ့သည်။

ယင်းနောက် ၂၀၀၈ ဧပြီတွင် ကျင်းပခဲ့သည့် လားဟူအမျိုးသားညီလာခံမှတစ်ဆင့် လားဟူဒီမိုကရက်တစ်အ စည်းအရုံး(LDU) ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင်အဖြစ် ရပ်တည်နေသည့် LDU သည် ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ပါဝင်ဆွေးနွေးခဲ့သော်လည်း NCA လက်မှတ်ရေးထိုးချိန်တွင် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ဟုဆိုကာ ကျန်ရစ်ခဲ့သည်။

NLD အစိုးရလက်ထက်တွင်လည်း LDU အနေဖြင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။


  • ရည်ရွက်ချက် ရည်မှန်းချက်

မသိရသေးပါ။


  • ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ

ကြာခွန်ဆာ(ဥက္ကဋ္ဌ)၊

ကြာဟေး(ဒုဥက္ကဋ္ဌ)

ဗိုလ်မှူးကြီး ဆော်လမွန်(အထွေထွေအတွင်းရေးမှူး)

ယင်းတို့၏ အောက်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီရှိသည်။


  • အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

NCA – ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် NCA လက်မှတ်ကို NLD အစိုးရနှင့်အတူ ရေးထိုးခဲ့သည်။


  • အဖွဲ့ဝင်

LDU သည် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST(Peace Process Steering Team)တွင် ပါဝင်သည်။


  • ဆက်ဆံရေးရုံးများ

မသိရသေးပါ။


  • တပ်မဟာများ

မရနိုင်သေးပါ။


  • ဆက်သွယ်ရန်

မသိရသေးပါ။

  • NCA လမ်းကြောင်း

၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။


  • တရားဝင်ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့

မသိရသေးပါ။


  • အစိုးရခေါ်ဆိုသော အမည်

မရှိပါ။


  • မဟာမိတ်

NCA လက်မှတ် ရေးထိုးပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော NCAs EAO အဖွဲ့ ၁၀ ဖွဲ့မှ တဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည်။


  • လက်နက်ကိုင်တပ်

မရှိပါ။


  • နိုင်ငံရေးအဖွဲ့အစည်း

Lahu Democratic Union(LDU)



Information by: ISP Myanmar (01/11/2018)

No comments:

Post a Comment