မဆလခေတ် မှ နစကခေတ်(လက်ရှိ)၏ စစ်အာဏာရှင်ခေါင်းဆောင်များကောက်ကြောင်း
ဦးနေဝင်း (၁၀ ဇူလိုင် ၁၉၁၀၊ သို့ ၁၄ သို့ ၂၄ မေ ၁၉၁၁ – ၅ ဒီဇင်ဘာ ၂၀၀၂) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ၁၉၅၈ မှ ၁၉၆၀ အထိ၊ ၁၉၆၂ မှ ၁၉၇၄ အထိ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ၁၉၆၂ မှ ၁၉၈၁ အထိ နိုင်ငံ့အကြီးအကဲအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဦးနေဝင်းသည် ၂ ရက်နေ့ မတ်လ ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ သူသည် မြန်မာ့တပ်မတော်၏ ခေါင်းဆောင်အဖြစ် ၂၆ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။
- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ၊ ဆဌမမြောက် မြန်မာနိုင်ငံ သမ္မ
- တာဝန်သက်တမ်း (၂၇ ဇူလိုင် ၁၉၈၈ – ၁၂ ဩဂုတ် ၁၉၈၈)
ဦးစိန်လွင် (၂၇ ဇန်နဝါရီ ၁၉၂၄ - ၉ ဧပြီလ ၂၀၀၄) သည် မြန်မာပြည်သမိုင်းတွင် ၁၆ ရက်သာ တာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ်ပြီး၊ ဦးနေဝင်းနုတ်ထွတ်ပြီးနောက် ၂၆ ရက်နေ့ ဇူလိုင်လ ၁၉၈၈ ခုနှစ်၌ သူသည် မဆလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၈၈၈၈ အရေးအခင်း၌ အရက်စက်ဆုံးသော အဏာရှင် တစ်ဦးဖြစ်သည်။ ဦးစန်းယု နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၇-ရက်မှ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။
- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ၊ သတ္တမမြောက် မြန်မာနိုင်ငံ သမ္မတ
- တာဝန်သက်တမ်း (၁၉ ဩဂုတ် ၁၉၈၈ – ၁၈ စက်တင်ဘာ ၁၉၈၈)
ဒေါက်တာမောင်မောင် (၁၉၂၅ - ၁၉၉၄) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် ဥပဒေ ပညာရှင်တစ်ဦး ဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ၏ သတ္တမမြောက် သမ္မတ အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ဦးစိန်လွင်ပြုတ်ကျပြီး တစ်ပတ်အကြာ ဩဂုတ်လ ၁၉ရက်နေ့တွင် မဆလ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံလိုက်ရသည်။ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာဝန် ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။
- နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဥက္ကဋ္ဌ
- တာဝန်သက်တမ်း (၈ စက်တင်ဘာ ၁၉၈၈ - ၂၃ ဧပြီ ၁၉၉၂)
ဗိုလ်ချုပ်မှူးကြီး စောမောင်သည် နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင် ထံမှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့ရသည်။
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌ
- တာဝန်သက်တမ်း (၂၃ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁)
ဗိုလ်ချုပ်မှူးကြီ သန်းရွှေ သည် ၁၉၉၂ ခုနှစ်မှာ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ နိုင်ငံ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌ အစရှိသော အရေးပါသည့် ရာထူးများကိုလည်း ရယူထားခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် နိုင်ငံ့အကြီးအကဲ အဖြစ်မှ တရားဝင် အနားယူခဲ့သည်။ လက်ရှိတွင် အသက် (၈၈) နှစ်ရှိပြီး ဇနီး ဒေါ်ကြိုင်ကြိုင် အသက် ၈၉ နှစ် နှင့်အတူ နေပြည်တော် သိုက်ချောင်း စစ်ဆေးရုံ အထူးလူနာဆောင်မှာ လုံခြုံရေးအပြည့်နဲ့ ကိုဗစ်ရောဂါ ဆေးကုသနေဆဲဖြစ်သည်။
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ ဥက္ကဋ္ဌ
- တာဝန် စတင် (၃၀ မတ် ၂၀၁၁ - လက်ရှိ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်ထက်
ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ တပ်မတော်သား တစ်ဦး ဖြစ်ပြီး လက်ရှိတွင် တပ်မတော် ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်အား ထမ်းဆောင်နေသူ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကိုပါ ယူထားသူဖြစ်သည်။
သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက်နေ့တွင်လက်ခံခဲ့သည်။ သူသည် နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (NDSC) ၏ အဖွဲ့ဝင်လည်းဖြစ်သည်။ သူသည်ယခင်က မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်များတွင် အဓိကတာဝန်ရှိသူလည်းဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှစတင်၍ တပ်မတော်အာဏာသိမ်း ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက၊ စကစ) နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ ဥက္ကဋ္ဌ လက်ထက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) (အင်္ဂလိပ်: State Administration Council (SAC) ; အရပ်အသုံး: အာဏာသိမ်းစစ်ကောင်စီ/အစိုးရ) သည် တပ်မတော်၏ တပ်မတော်အာဏာသိမ်းယူမှုဖြစ်ပွားပြီး တစ်ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၂ တွင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)၊ ပုဒ်မ ၄၁၉ အရ ဤကောင်စီကိုဖွဲ့စည်းသည်ဟု ၉/၂၀၂၁ ထုတ်ပြန်ချက်ဖြင့် ကြေညာခဲ့သည်။ ထိုအဖွဲ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်သည်။
ဤကောင်စီကို ဖေဖော်ဝါရီ ၂ တွင် စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၃) ဦး၊ စုစုပေါင်း (၁၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် ဤကောင်စီကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ရာ ဖေဖော်ဝါရီ ၄ တွင် အရပ်သား(၅)ဦးပါဝင်လာခဲ့သည်။ ပါဝင်သောသူများမှာ စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၈) ဦးဖြင့် စုစုပေါင်း (၁၆) ဦးဖြစ်သည်။
၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲရေးကော်မတီကို "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ" ဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့ရာ ကောင်စီဥက္ကဋ္ဌနေရာကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲစေခဲ့သည်။
- နဝတ၊ နအဖ စစ်ထောက်လှမ်းရေးချုပ် (ခေါ်) တပ်မတော်ထောက်လှမ်းရေး - ကကလှမ်း ညွှန်ကြားရေးမှူး
- တာဝန်သက်တမ်း (၂၅ ဩဂုတ် ၂၀၀၃ – ၁၈ အောက်တိုဘာ ၂၀၀၄)
ဗိုလ်ချုပ်ကြီး ဦးခင်ညွန့် (၂၃ အောက်တိုဘာ ၁၉၃၉) သည် မြန်မာ တပ်မတော်အရာရှိဟောင်းနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် အမှတ် ၁ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီးနေဝင်း (ခ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အရေးအခင်းကာလ မတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ (ခေါ်) တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။ ၂၅ ဩဂုတ် ၂၀၀၃ မှ ၁၈ အောက်တိုဘာ ၂၀၀၄ အထိ မြန်မာနိုင်ငံ၏ နဝမမြောက် ဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် နေအိမ်အကျယ်ချုပ်ဖြင့် ၇ နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသည်။ ဦးခင်ညွန့်သည် မြန်မာတရုတ် တစ်ဦး ဖြစ်သည်။
၁၉၈၈ အရေးအခင်းနောက် ၁၈-၀၉-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၎င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူတစ်ဦးဖြစ်ခဲ့သည်။ ၎င်းနောက် ၁၉၉၁ တွင် ဗိုလ်ချုပ်အဆင့်၊ ၁၉၉၃ တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ဖြစ်လာပြီး ၎င်း၏ ထောက်လှမ်းရေး အင်အားစုကြီးကို တိုးချဲ့လာခဲ့သည်။ ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် စိန်ရတု နှင့် မြို့မကျောင်း စိန်ရတုတွင် ဦးဆောင် ပါဝင်ခဲ့သည်။ ၁၉၉၇ တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေး မှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂၀၀၃ ခုနှစ်၊ ဩဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ အပြင် (၂၅-၈-၂၀၀၃) ရက်နေ့မှ (၁၈-၉-၂၀၀၄) ရက်နေ့အထိ နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် စစ်အစိုးရခေတ်တွင် ဩဇာအကြီးမားဆုံး ဖြစ်သော အတွင်းရေးမှူး(၁)၊ တပ်မတော်ထောက်လှမ်းရေး မှူးချုပ်(ကကလှမ်း)၊ စစ်မဟာဗျူဟာ လေ့လာရေး ကွပ်ကဲရေးမှူး နှင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ဝီကီပီးဒီးယားမှကောက်နုတ်တင်ပြသည်
Zai Hkam
No comments:
Post a Comment